TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၄ရက်၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ ၄ရက်၊၂၀၂၄) ကန်ရွေးကောက်ပွဲ နှစ်ရက်အလို ကြိုတင်မဲပေးသူ ၇၆သန်းကျော်ရှိလာ၊ မြန်မာနဲ့ ပဋိပက္ခနိုင်ငံတွေအတွက် ပုပ်ရဟန်းမင်းဆုမွန်တောင်း၊ ထိုင်းနိုင်ငံအလယ်ပိုင်း အထောက်အထားမဲ့မြန်မာနိုင်ငံသား ၃၈ဦး ဖမ်းဆီးရမိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၀၄၊ ၂၀၂၄)
အမေရိကန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ တရက်ပဲလိုတော့တဲ့အချိန် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ သမ္မတလောင်းတွေ မဲဆွယ်၊ တရုတ်နိုင်ငံမှာ ကျင်းပမယ့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများညီလာခံတွေတက်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တရုတ်နိုင်ငံ သွားဖို့ရှိ၊ မြန်မာနိုင်ငံဘက်က မြေရှားသတ္တု တူးဖေါ်ခွင့် ပိတ်ပင်ထားပြီး မတင်ပို့နိုင်တဲ့အတွက် ကမ္ဘာ့မြေရှားသတ္တု ဈေးတက်နိုင်
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၄၊ ၂၀၂၄)
ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးနေ့ အမေရိကန်သမ္မတလောင်းတွေ အပြိုင်မဲဆွယ်၊ မဲခေါင်ထိပ်သီး အစည်းအဝေးတက်ဖို့ စစ်ကောင်စီအကြီးအကဲ တရုတ်ပြည်သွားမည်၊ စတာတွေအပြင် မြန်မာ-အမေရိကန် မဲဆန္ဒရှင်တွေနဲ့ မေးမြန်းခန်၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။