TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၃၀ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၃၀ ရက်၊ ၂၀၂၄) − ဂါဇာစစ်ကြောင့် ဒေသတွင်း လူမှုအခြေအနေ ဆိုးနေတာ၊ မြန်မာရွှေ့ပြောင်းကလေးများအရေး ထိုင်းလူ့အခွင့်ရေး ကော်မရှင်နဲ့ ဆွေးနွေးတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ၊ လယ်ယာစီးပွါးသတင်းများ အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇွန် ၃၀ ရက်၊ ၂၀၂၄)
တီကောင်ဖမ်း ပြိုင်ပွဲ၊ ဘောလုံးအင်္ကျီ အများဆုံး ရှိသူ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဒုက္ခသည်ဘဝကနေ ပညာသင်ဆုတွေ ဘာ့ကြောင့်ရခဲ့လဲ ဆိုတာ သိရမယ့် GenZ၊ နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇွန်လ ၃၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၃၀၊ ၊ ၂၀၂၄)
ဂါဇာဒေသ နယ်မြေအများအပြားမှာ အစ္စရေးထိုးစစ်ဆင်၊ အမေရိကန်ရောက် ကရင်ဒုက္ခသည်လူငယ်တဦး ရဲတပ်ဖွဲ့ဖမ်းဆီးစဉ် ပစ်ခတ်မှုကြောင့်သေဆုံး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။