TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၃၀၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၃၀၊ ၂၀၂၄) မြန်မာ့ဒီမိုကရေစီရေး အားလုံးပါဝင်တဲ့ဆွေးနွေးမှုဖြစ်ဖို့ ကန်ထောက်ခံ၊ "စစ်လွန်ကာလစီမံကိန်းတရပ် အစ္စရေးလိုအပ်" ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen Z၊ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၃၀၊ ၂၀၂၄)
ဂါဇာမှာ စစ်ပွဲတွေရပ်အောင် နိုင်ငံတကာက ကြိုးပမ်းပေးကြဖို့ အီဂျစ်သမ္မတကတောင်းဆို၊ ရုရှားရန်က ယူကရိန်းကို အကာအကွယ်ပေးဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ချက်နိုင်ငံမှာ ပြောဆို၊ဒီရက်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျပြီး ပြင်ပငွေလဲနှုန်းတွေမှာ နိုင်ငံခြားငွေဈေးတွေ တက်သွားတာကြောင့် ငွေလဲနှုန်းတွေကို ဆွဲတင်နေတဲ့သူတွေကို အရေးယူသွားမယ့်အကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးထား။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၃၀ ရက်၊ ၂၀၂၄)
မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံဖို့ ပဋိပက္ခလေ့လာရေးအဖွဲ့တွေ နိုင်ငံတကာကိုတိုက်တွန်း၊ ဂါဇာစစ်ပွဲရပ်ရေး နိုင်ငံတကာကြိုးပမ်းပေးဖို့ အီဂျစ်သမ္မတတောင်းဆို၊ အွန်လိုင်း ငွေလှဲနှုန်းတင်သူတွေကို အရေးယူမည် အပါအဝင် အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။