TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း (ဇွန်လ ၃ရက်၊ ၂၀၂၄)
အပစ်ရပ်အစီအစဉ် ဟာမတ်စ်သဘောတူရင် အစ္စရေးလက်ခံဖို့ ကန်မျှော်လင့်၊ ကရင်နီဒေသ ဆေးရုံတွေတိုက်ခိုက်ခံရမှု ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထိခိုက်လာ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၃၊ ၂၀၂၄)
ဂါဇာကမ်းမြောင်မှာ ကနဦး အပစ်ရပ်စဲရေးနဲ့ ဓားစာခံတွေပြန်လွတ်ရေး အပါအဝင် အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား သဘောတူညီချက်ရနိုင်ဖို့ အမေရိကန်ဖိအားပေး၊ ဆွစ်ဇာလန်နိုင်ငံက စီစဉ်တဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာ ထိပ်သီးစည်းဝေးပွဲကို တက်ကြဖို့ ယူကရိန်းသမ္မတစည်းရုံး၊ မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန် ပမာဏ မညီမျှတာ စစ်ကောင်စီဘက်က ငွေကြေး ရိုက်နှိပ် ထုတ်ဝေတဲ့ နည်းလမ်းကိုပဲ သုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်