TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၃ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၃ ရက် ၂၀၂၄) − အစ္စရေး အလယ်ပိုင်း ဟက်ဇ်ဘိုလာ တိုက်ခိုက်တာ၊ စစ်ပွဲကြောင့် မြန်မာသတင်းသမား သတ်ဖြတ်သူတွေ ကင်းလွတ်ခွင့်ရနေတဲ့ သတင်းနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၄)
သစ္ဆေကြီးများ ပွဲတော် နိုင်ငံအများအပြား ကျင်းပ၊ အမေရိကန်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြမယ့် GenZ လူငယ်များ၊ နောက် မရှိမဖြစ် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ နေရာပေါင်းစုံ၊ အကြောင်းစုံနဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ နိုဝင်ဘာလ ၃ ရက်၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၃၊ ၂၀၂၄)
ကန်သမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲအကြို နောက်ဆုံးသီတင်းပတ်ကုန် စည်းရုံးရေးဆင်း၊ ရိုဟင်ဂျာတွေ သေဆုံးမှုအတွက် မသင်္ကာသူ လူမှောင်ခိုတွေကို ထိုင်းရဲဖမ်းဆီး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ သတင်းများတို့ကို တင်ဆက်ထားပါတယ်။