TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၄) − မြန်မာ့ အကျပ်အတည်းကို ဆွေးနွေး အဖြေရှာရေး အာဆီယံက တိုက်တွန်းတဲ့အကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဗီယက်နမ် ခရီးစဉ် စတာတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၂၈ ရက်၊ ၂၀၂၄)
ဘာလင်တမြို့လုံးစီးမြင်နိုင်တဲ့ ဟိုတယ်ခေါင်းမိုးက ဒါန်း၊ ကမ္ဘာ့အကြီးဆုံးပန်းချီအဖြစ် စံချိန်ချိုးဖို့ ကြိုးစားသူ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ မာစီဒီးကားပြတိုက်ကို အလည်သွားတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းနိုင်ငံက ဓမ္မကာယစေတီမှာ တွေ့ရတဲ့ မြန်မာတွေရဲ့ အလှုဒါနနဲ့ ပူဇော်မှုများအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၂၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၂၈၊ ၊ ၂၀၂၄)
UWSA ဝတပ်ဖွဲ့တွေ လားရှိုးမြို့ထဲ ဝင်ရောက်၊ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အာဆီယံ ပြန်သုံးသပ်မည် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။