TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၈၊ ၂၀၂၄)
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်း ၄၅ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒီကနေ့ ဆွေးနွေးဖို့ရှိ၊မြန်မာနိုင် အပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ထုတ်လုပ်မှုကြောင့် ပြီးခဲ့တဲ့နှစ်ထဲ methamphetamine စိတ်ကြွဆေးတွေ စံချိန်တင် ဖမ်းမိခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်၊၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဝယ်ယူတဲ့ ပမာဏ ဒုတိယ အများဆုံး ဖြစ်လာတဲ့အကြောင်း ထိုင်းဘက်က ပြော။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၈ ရက်၊ ၂၀၂၄)
မြန်မာအပါအဝင် ဒေသတွင်းမှာ စိတ်ကြွဆေးစံချိန်တင်ဖမ်းဆီးရမိကြောင်း ကုလထုတ်ပြန်၊ ထိုင်းနိုင်ငံမှာ တိုက်ခန်းဝယ်သူ နိုင်ငံခြားသားတွေထဲ မြန်မာဒုတိယအများဆုံး စာရင်းဝင် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။