TV Schedule
VOA မြန်မာနံနက်ခင်း (ဂျူလိုင်လ ၂၇ ရက်၊ ၂၀၂၄)
VOA မြန်မာနံနက်ခင်း (ဂျူလိုင်လ ၂၇ ရက်၊ ၂၀၂၄) − EU ထိန်းချုပ် ရုရှားပိုင်ဆိုင်မှုထဲက ဒေါ်လာ ၁.၆ ဘီလီယံ ယူကရိန်းကို လွှဲပေး၊ အစ္စရေးဝန်ကြီးချုပ် Netanyahu ကို Donald Trump တွေ့ဆုံ၊ မုန်တိုင်းမိသင်္ဘောက မြန်မာတချို့ကို ကယ်ဆယ်ရမိ စတာတွေနဲ့ အတူ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာတို့ကို နားဆင်ရှုစားကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင် ၂၇ ရက်၊ ၂၀၂၄)
နယ်စပ်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံနဲ့ အကျိုးစီးပွား မထိခိုက်အောင် သတိထားဖို့ တရုတ်သတိပေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်မပါဘဲ စစ်ကောင်စီအကြီးအကဲ ယာယီသမ္မတတာဝန်ယူ၊ ဒီလို တပတ်အတွင်း သတင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များအကြား ညီညွတ်ရေးလိုအပ်ကြောင်း ချင်း ခေါင်းဆောင်ပြောကြားမှု မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင်လ ၂၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄)
. မြန်မာနိုင်ငံက အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးပြော၊ ပြည်တွင်းပဋိပက္ခ နည်းလမ်းပြောင်းဖြေရှင်းဖို့ စစ်ကောင်စီကို ဩစတြေးလျ တိုက်တွန်း၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး စစ်ကောင်စီအကြီးအကဲနဲ့တွေ့ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။