TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂၇ ၊၂၀၂၄)
ဂါဇာ စစ် ဒေသတွင်းကျယ်ပြန့်မှာ ကုလစိုးရိမ်တာ၊ ဘာသာရေးလွတ်လပ်ခွင့် မြန်မာမှာ ဆိုးနေတာ၊ TNLA တကျော့ပြန်ထိုးစစ် အပေါ်အမြင်နဲ့ ဘော်လခဲ စစ်တပ်စခန်းကုန်း ပူးပေါင်းတပ်တွေ သိမ်းတဲ့ သတင်းတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen Z နဲ့ အားကစား အပတ်စဉ်ကဏ္ဍ တွေကိုပါ တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၇၊ ၂၀၂၄)
ကန်သမ္မတလောင်း ၂ ဦး ၂၀၂၄ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် စကားစစ်ထိုးဖို့ရှိ၊ ကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြ၊ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ဈာပန အခမ်းအနားကို ဒီကနေ့ ကျင်းပ၊ စသည်
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၇ ရက်၊ ၂၀၂၄)
အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ဦး ဒီည စကားစစ်ထိုးမည်၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေ ပြင်းထန်၊ ဝင်းနိမ္မိတာရုံ ဆရာတော် ရုပ်ကလာပ် ပဲခူး ဆင်ဖြူကွင်းသုသာန်မှာ မီးပူဇော် စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။