TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၇ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၂၇ ရက် ၂၀၂၄) - အီရန်ကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်တာ၊ အနန်းကွင်း ဗျူဟာစခန်း တိုက်ခိုက်ခံရတာ၊ စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် SNLD သဘောထားအပြင် အပတ်စဉ် ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွား အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၄)
AI ဉာဏ်ရည်တု စက်ရုပ်ပန်းချီဆရာရဲ့ ပန်းချီကားနဲ့ ထူးခြားဆန်းပြားသတင်းများ၊ GenZ မှာတော့ အောက်စဖို့ပညာသင်ဆု အခွင့်အလမ်းပြောပြတဲ့ ကျောင်းသူ၊ နောက် မြန်မာ့ ဒီမိုကရေစီအရေး နော်ဝေကူညီမှု နေရာပေါင်းစုံ၊ အကြောင်းစုံနဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ အောက်တိုဘာ ၂၇ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၇၊ ၂၀၂၄)
အီရန်အပေါ် စစ်ရေးရည်မှန်းချက်တွေ အောင်မြင်မှုရကြောင်း အစ္စရေးကြေညာ၊ မြန်မာနဲ့ ကမ္ဘာမှာ စစ်ဒဏ်သင့် အမျိုးသမီး သန်း ၆၀၀ ကျော်ရှိကြောင်း ကုလအစီရင်ခံစာဖော်ပြ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု သတင်းများတို့ကို တင်ဆက်ထား။