TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၂၆၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၂၆၊ ၂၀၂၄) လက်ဘနွမ်မြေပြင်ထိုးစစ်ဆင်ရေးဖြစ်လာဖွယ် အစ္စရေးပြင်ဆင်၊ ရုရှားနဲ့ဆွေးနွေးဖို့ တရုတ်တွန်းအားပေးမှု ယူကရိန်းသမ္မတမေးခွန်းထုတ်၊ မြန်မာ့အရေး ကုလလူ့အခွင့်အရေးအစီရင်ခံစာ EU ကြိုဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၆၊ ၂၀၂၄)
အစ္စရေး−လက်ဘနွန်ကြား၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲရေး ချက်ချင်း စဖို့ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နဲ့ နိုင်ငံ ၈ နိုင်ငံ တောင်းဆို၊ ယူကရိန်းသမ္မတ Zelenskyy နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တွေ့တဲ့အခါ ရုရှားကို အနိုင်ယူဖို့ အစီအစဉ်တွေကို ဆွေးနွေးဖို့ရှိ၊ ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ယောက်သေဆုံးပြီး ၂၅ ယောက်ထက်မနည်း ဒဏ်ရာရ
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၆၊ ၂၀၂၄
လက်ဘနွန်နယ်စပ် အပစ်ရပ်ရေးတောင်းဆိုမှု အစ္စရေးပယ်ချ၊ နယူးရောက်မြို့တော်ဝန် စွဲချက်တင်ခံရ၊ သံတွဲမြို့ ဗုံးကြဲခံရမှု ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ သေဆုံး၊ ကလောမြို့မှာ ရွှံ့နွံတွေ အဓိက ရှင်းနေရဆဲ၊ ဂျပန်မှာ နှစ် ၅၀ နီးပါးကြာမှ သေဒဏ်ကနေ တရားသေလွတ်မြောက်လာသူ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။