TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန် ၂၆၊၂၀၂၄)
အစ္စရေးလ် တိုက်ခိုက်မှုကြောင့် Hamas နိုင်ငံရေး ခေါင်းဆောင် မိသားစုဝင်တွေ သေဆုံး၊ ယူကရိန်း ဥရောပ သမဂ္ဂ ဝင်ရောက်ရေး စတင်ဆွေးနွေး၊ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်ရမှု အမှန် ဖော်ထုတ်ဖို့ AI လူ့အခွင့်အရေး အဖွဲ့ တောင်းဆို စတာတွေနဲ့ အတူ အပတ်စဉ် မြေကြီးသြဇာ၊ ယူကရိန်း မြန်မာ နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား တို့ကို နားဆင် ရှုစားကြရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၆၊ ၂၀၂၄)
ဂါဇာစစ်ပွဲကို အစ္စရေးဝန်ကြီးချုပ်က ပိုကျယ်ပြန့်ပြီး ဒေသတွင်း ကူးစက်လာအောင် လုပ်တဲ့အပေါ် တူရကီသမ္မတ ဝေဖန်၊ NATO အဖွဲ့ အကြီးအကဲသစ်အဖြစ် နယ်သာလန် ဝန်ကြီးချုပ် သက်တမ်းတာဝန်ပြီးဆုံးတော့မယ့် Mark Rutte ကို ရွေးချယ်၊ ဒေသတွင်းနိုင်ငံပေါင်း (၇) နိုင်ငံက ဘဏ်ပေါင်း (၁၆) ခု ဟာ မြန်မာစစ်ကောင်စီအတွက် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ထုတ်ပြန်
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၆ ရက်၊ ၂၀၂၄)
လက်နက်ရရေး ထိုင်းဘဏ်တွေကို စစ်ကောင်စီ ပိုအားကိုးလာကြာင်း ကုလအထူးကိုယ်စားလှယ် သတိပေး၊ မြန်မာ့အရေး လုံခြုံရေးကောင်စီ ပျက်ကွက်မှု ဦးကျော်မိုးထွန်းဝေဖန်၊ ငပလီ တိုက်ပွဲတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ် စတာတွေနဲ့ အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ Gen-Z မျိုးဆက်၊ အားကစားကဏ္ဍတို့ကို တင်ဆက်ထားပါတယ်။