TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း မေလ ၂၆ ရက် ၂၀၂၄
ဂါဇာမှာ စစ်ရှိန်မြှင့်နေပေမယ့် ညှိနှိုင်းဖို့ အစ္စရေးလုပ်နေ၊ ထိုင်ဝမ်ရေလက်ကြား တရုတ်စစ်ရေးလေ့ကျင့်မှု အမေရိကန်စိုးရိမ်၊ အထောက်ထားမဲ့ မြန်မာ ၅၀ ကျော် မလေးမှာအဖမ်းခံရတဲ့ သတင်းပေးပို့ချက်နဲ့အတူအပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေကိုတင်ဆက်ထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မေ ၂၆၊ ၂၀၂၄)
တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ တရေးအိပ်ပြိုင်ပွဲ၊ အသက် ၉၀ တာတိုအပြေးချန်ပီယံ ဘွားဘွား၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ လူငယ်တွေ အလုပ်အကိုင်အခွင့်အရေးရဖို့ ကူညီတဲ့အဖွဲ့နဲ့ မေးမြန်းထားတဲ့ GenZ အစီအစဉ်၊ ဂျာမဏီ စိန့်ပီတာဘုရားကျောင်းကို ရောက်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ဒုတိယမြန်မာနိုင်ငံတော်ကြီးဆိုတဲ့ ထိုင်းနိုင်ငံမှာ မြန်မာစကားပြောလို့ ရမရဆိုတဲ့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မေလ ၂၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၊၂၆၊ ၂၀၂၄)
ဂါဇာဒေသအတွက် အကူအညီတွေ ကုန်တင်ကားတွေနဲ့ စတင်ပို့ဆောင်၊ ယူကရိန်းဈေးဆိုင် ရုရှားတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေ၊ ၄၀ ကျော်ဒဏ်ရာရ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။