TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန်လ ၂၅၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန်လ ၂၅၊ ၂၀၂၄) လူကုန်ကူးမှုအစီရင်ခံစာ ကန်နိုင်ငံခြားရေးထုတ်ပြန်၊ အဆိုးဆုံးအဆင့်မှာ မြန်မာပါဝင်၊ စစ်ကောင်စီကိုဖိအားပေးဖို့ ကန်သံတမန်ရေးနည်းအားလုံးအသုံးပြုနေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ စီးပွားရေး၊ လူမှုရှုခင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၅၊ ၂၀၂၄)
သူလျိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ WikiLeaks ဝဘ်ဆိုဒ် တည်ထောင်သူ Julian Assange လိုက်ပါလာတယ်လို့ ယုံကြည်ရတဲ့ လေယာဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ဆင်းသက်၊မြန်မာ ပြည်တွင်းမှာ ဆန်စျေး၊ ဆီစျေးတွေ တောက်လျှောက်တက်လာပြီး တချို့နေရာတွေမှာ ဝယ်လို့မရတဲ့ အခြေအနေ ရောက်နေသလို လက်လီ စတိုးဆိုင်ကြီးတချို့က ဆန်နဲ့ ဆီတွေကို အရောင်းစင်တာပေါ်ကနေ သိမ်းဆည်းထားလို့ ဝယ်လို့မရကြောင်း ရန်ကုန်မြိုခံတွေက ပြောပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၅ ရက်၊ ၂၀၂၄)
စစ်ကောင်စီအရာရှိနဲ့ ကန်သံတမန်တွေ့ဆုံမှုအပေါ် မြန်မာ့အရေးလှုပ်ရှားသူတွေစိုးရိမ်၊ ငပလီမှာ စစ်ကောင်စီနဲ့ AA တပ်ဖွဲ့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။