TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၂၄၊ ၂၀၂၄)
လက်နက်ခဲယမ်းပို့ဆောင်ရေးအငြင်းပွားမှု ကန်နဲ့ ဖြေရှင်းနိုင်မယ် အစ္စရေးဝန်ကြီးချုပ်မျှော်လင့်၊ မကာမှာ အပူချိန်ပြင်းထန် ဟာဂျီဘုရားဖူး ၁၃၀၀ကျော်သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၄၊ ၂၀၂၄)
ဟက်ဇ်ဘိုလာ အဖွဲ့ကို အစ္စရေးက ထိုးစစ်ဆင်မယ့်အကြောင်း ပြောလာတာကြောင့် အရှေ့အလယ်ပိုင်း ဂါဇာ စစ်ပွဲဟာ ပိုပြီး ကျယ်ပြန့်သွားနိုင်ခြေ ရှိနေ၊ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်က ငပလီလေဆိပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတချို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းသတင်းဌာနတွေ ဖော်ပြ၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့ ဖြစ်ရပ်အတွက် ခွင့်လွှတ်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တောင်းပန်စာပေးပို့
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၄၊ ၂၀၂၄)
ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုအတွက် စစ်ကောင်စီအကြီးအကဲ တောင်းပန်စာပေးပို့၊ ငပလီမှာ စစ်ကောင်စီနဲ့ AA စစ်ရေး ဆက်လက်တင်းမာ၊ ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့် အန္တရာယ် အမေရိကန်နဲ့ EU သတိပေး စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။