TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ်လ ၂၃၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ်လ ၂၃၊ ၂၀၂၄) DNC နောက်ဆုံးနေ့ ဒုသမ္မတ Harris ပါတီသမ္မတလောင်းလက်ခံမိန့်ခွန်းပြောမည်၊ ကျိုက်ထိုမြို့ စစ်ကောင်စီတိုက်ခိုက်မှု သတင်းထောက်နှစ်ဦးသေဆုံး၊ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီအရေးယူကိုင်တယ်ဖို့ မြန်မာသံအမတ်ကြီးထပ်မံတောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပါမယ်။
၂၀၂၄ သမ္မတ ရွေးကောက်ပွဲအထူးအစီအစဉ်
အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့တော်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ ဒုသမ္မတ Kamala Harris က ပါတီသမ္မတလောင်းအဖြစ် တရားဝင်လက်ခံမိန့်ခွန်းပြောဆိုဖို့ရှိပြီး၊ အဲဒီ တပြိုင်တည်းမှာပဲ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအထူးအစီအစဉ်မှာ DNC ဒီမိုကရက်ပါတီညီလာခံ ပါတီသမ္မတလောင်းလက်ခံမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့အတူ၊ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားပေးသွားမှာပါ။ ဒီအစီအစဉ်ကို ဗွီအိုအေ မြန်မာပိုင်းရဲ့ လူထုမိတ်ဆွေရုပ်သံချာနယ်နဲ့ ဗွီအိုအေ ဝက်ဆိုဒ်အပြင် ဗွီအိုအေမြန်မာပိုင်း Facebook နဲ့ Youtube လူမှုမီဒီယာတွေမှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂၃၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် အမေရိကန် ဒုသမ္မတ ကမလာဟဲရစ် တရားဝင် လက်ခံ မိန့်ခွန်း ပြော၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတ တွေ့ဆုံ၊ ဂါဇာအလယ်ပိုင်းမှာ ဒီကနေ့ တိုက်ပွဲတွေ ဆက်ဖြစ်စတဲ့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ ကမလာဟဲရစ် မိန့်ခွန်းအပေါ် သုံးသပ်ချက် အထူးအစီအစဥ်တွေကို စုစည်းတင်ဆက်ထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၄)
ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် Kamala Harris လက်ခံ မိန့်ခွန်း ပြောကြား၊ ဒီမိုကရက်ပါတီ သမ္မတလောင်း Harris မိန့်ခွန်း သုံးသပ်ချက်၊ ဘင်္ဂလားဒေ့ရှ်မှာ လူ ၄ သန်းခွဲ ရေဘေးသင့်နေ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။