TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂၃ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂၃ ရက် ၂၀၂၄) အစ္စရေး - လက်ဘနွန် စစ်ရှိန်မြင့်လာနိုင်ကြောင်း ဆော်ဒီ သတိပေးတာ၊ နျူအားသုံး ကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားကို ရောက်လာတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်ကိုလည်း တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇွန် ၂၃ ရက်၊ ၂၀၂၄)
ပိုးကောင်တွေ အသုံးပြု ဖန်တီးထားတဲ့ ပရိဘောဂများ၊ မျိုးတုံးတော့မယ့် ရေမြင်းပုလေးတကောင် မွေးဖွားလာ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အိန္ဒိယနိုင်ငံတလွှား ဗုဒ္ဓဝင် အထင်ကရနေရာတွေ လိုက်လေ့လာနေတဲ့ GenZ၊ ယူရို ၂၀၂၄ ဘောလုံးပွဲ သွားကြည့်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇွန်လ ၂၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၃၊ ၊ ၂၀၂၄)
အစ္စရေး ကာကွယ်ရေးဝန်ကြီး ဝါရှင်တန်ခရီးစဉ်စတင်၊ အိန္ဒိယနယ်စပ်မှာ ခိုလှုံသူ စစ်ဘေးရှောင် မြန်မာ ၅ ထောင်ကျော် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။