TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၂၃၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မေလ ၂၃၊ ၂၀၂၄) အိုင်ယာလန်၊ နော်ဝေးနဲ့စပိန် ပါလက်စတိုင်းကို နိုင်ငံအသိအမှတ်ပြု၊ ရခိုင်ဒေသ နှိပ်စက်ကလူကျူးလွန်သူတွေကို ဒဏ်ခတ်အရေးယူမယ်လို့ ကန်သတိပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen Z နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၃၊ ၂၀၂၄)
Jenin မြို့ကို အစ္စရေးတပ်တွေ စီးနင်းမှု အဆုံးသတ်သွားပြီး ဒီစီးနင်းမှုအတွင်း အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရကြောင်း ပါလက်စတိုင်းကပြော၊ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်မှု ရှိမရှိ ဆန်းစစ်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ကကြေညာချက်ထုတ်ပြန်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ လေလံကြမ်းခင်းဈေးသစ် ဦးအောင်ဆန်းဦးဘက်က တင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မေလ ၂၃ ရက်၊၂၀၂၄)
ပါလက်စတိုင်း အနောက်ဘက်ကမ်းခြေကို ၂ ရက်ကြာဝင်တိုက်မှု အစ္စရေးအဆုံးသတ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား မိုင်းခွဲ တိုက်ခိုက်ခံရ၊ ဒေါ်စုအိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင် စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို တင်ဆက်ပေးထားပါတယ်။