TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၂ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၂ ရက် ၂၀၂၄) − Quad ထိပ်သီးအစည်းအဝေး ကန်သမ္မတ မွေးရပ်မြေမှာကျင်းပ၊ ဦးကျော်မိုးထွန်းကို ကုလမှာ ကိုယ်စားပြုမှု သက်တမ်းတိုးရေး တောင်းဆို၊ ရာဂီမုန်တိုင်း ရေဘေး ၃၈၀ ကျော်သေဆုံးတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်အစီအစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၄)
ဂျာမဏီက ဓာတ်ရထားမောင်းပြိုင်ပွဲ၊ ယူရို တသန်းနဲ့ ရောင်းလိုက်ရတဲ့ ဒိန်းမတ်ရှေးဟောင်း အကြွေစေ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နယ်စပ်ဒုက္ခသည်စခန်းကနေ အမေရိကန်ရောက်လူငယ်နဲ့ အကျိုးပြုလုပ်အား GenZ တွေရဲ့အမြင်၊ နောက်တော့ ဒုတိယမြန်မာနိုင်ငံကို ပြောနိုင်တဲ့ ထိုင်းရောက် မြန်မာစာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂၂၊ ၂၀၂၄)
ဟက်ဇ်ဘူလာအဖွဲ့အစ္စရေးကိုရော့ကတ်ဒုံး ၁၀၀ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်၊ရွေးကောက်ပွဲအကြိုနောက်တကြိမ် စကားစစ်ထိုးဖို့ကမ်းလှမ်းချက်ဒုသမ္မတ Harrisလက်ခံ စတာတွေအပြင် ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။