TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂၂ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂၂ ရက်၊ ၂၀၂၄) အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိပေမဲ့ ယူကရိန်းပါဝင်စေဖို့ ရုရှားတောင်းဆို၊ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးစစ် ဖြစ်နိုင်ခြေ တရုတ်သတိပေး၊ Cox's Bazzar က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီ တိုးပေးမည်၊ စတာတွေနဲ့အတူ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာတို့ကို နားဆင်ရှုစားရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇွန် ၂၂ ရက်၊ ၂၀၂၄)
တရုတ်စေ့စပ်တဲ့ ယာယီအပစ်ရပ် သဘောတူညီမှု စစ်ကောင်စီချိုးဖောက်ဟု ညီနောင်သုံးဖော်ပြော၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နဲ့ အနီးတဝိုက် စစ်ရေးတင်းမာဆဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ အညာဒေသလက်နက်ကိုင်တော်လှန်ရေး အားကောင်းပေမဲ့ ပံ့ပိုးမှု လိုအပ် ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇွန် ၂၂ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၂၂၊ ၂၀၂၄
ဝင်းနိမ္မိတာရုံဆရာတော်ကြီးပျံလွန်မှု ခွင့်လွှတ်ဖို့ သီတဂူဆရာတော် တိုက်တွန်း၊ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေ စစ်ဆေးခံနေရ၊ ယူကရိန်းဓါတ်အားပေးစက်ရုံတွေ ရုရှားပစ်မှတ်ထားတိုက်၊ လေအေးပေးစက်တွေယူသွားမယ့် အမေရိကန်အိုလံပစ်အသင်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။