TV Schedule
VOA မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄)
VOA မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄) − လက်ဘနွန်-အစ္စရေးလ် ဒုံးကျည်တွေ အပြန်အလှန်ပစ်ခတ်၊ မြန်မာရေဘေး တိုးမြှင့်ကူညီဖို့ UN OCHA အပူတပြင်းကြိုးပမ်း၊ ကုလအထွေထွေညီလာခံနဲ့ မြန်မာ့အရေး သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံမေးမြန်းချက် စတာတွေနဲ့အတူ အပတ်စဉ် အစီအစဉ်တွေကို တင်ဆက်သွားမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄)
မြန်မာနိုင်ငံအနှံ့ ရေဘေးလိုအပ်တဲ့နေရာများ အကူအညီ ရောက်ရှိဖို့လိုအပ်၊ ကိုးကန့်တပ် MNDAA က NUG နဲ့ မပူးပေါင်းဟု ကြေညာ၊ စသည် တပတ်အတွင်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေ၊ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ဖိအားနဲ့ရင်ဆိုင်နေပုံရဟု အကဲခတ်ပြောကြား မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့ ဗွီအိုအေတပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၁၊ ၂၀၂၄
ကုလသမဂ္ဂ အထွေထွေညီလာခံ အချိန်ကိုက် အမေရိကန်နဲ့ ဗြိတိန်မှာ မြန်မာတွေဆန္ဒပြ၊ မန္တလေးတိုင်းမှာ တိုက်ပွဲတွေဖြစ်၊ မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက် လုံခြုံရေးတိုးထား၊ အစ္စရေးတိုက်ခိုက်မှု Hezbollah ခေါင်းဆောင် ၂ ယောက်သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။