TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၂၁ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၂၁ ရက်၊ ၂၀၂၄) − စစ်အာဏာသိမ်း မြန်မာနိုင်ငံက စာသင်ကျောင်းတွေ အတိုက်ခိုက်ခံရတာ၊ Tel Aviv အတိုက်ခိုက်ခံရမှု ယီမင်က ဟူသီသူပုန်တွေကို အစ္စရေး လက်တုန့်ပြန်တဲ့ သတင်းနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါးအစီစဉ်တွေကိုလည်း တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၂၁ ရက်၊ ၂၀၂၄)
ကားမောင်းလို့ရမယ့် ရေနဲ့လေ လောင်စာ၊ ပဲစေ့မှုတ်ပြိုင်ပွဲ ဗြိတိန်မှာ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ စပါကလင်ဝိုင်ချက်စက်ရုံသွားလည်တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ အနုပညာရှင်တဖြစ်လဲ ပန်းရံဆရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၂၁၊ ၊ ၂၀၂၄)
ဟက်ဇ်ဘူလာ လက်နက်တိုက် အစ္စရေးလေကြောင်းက တိုက်ခိုက်၊ လုပ်ကြံဖို့ ကြိုးစားခံရပြီးနောက် သမ္မတဟောင်းထရမ့် ပထမဆုံးအကြိမ် စည်းရုံးရေးထွက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။