TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၂၁၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၂၁၊ ၂၀၂၄) "စွမ်းအားပြင်းဒုံးကျည်များ ယူကရိန်းကို ဦးစားပေးပို့မည်" ကန်သမ္မတအိမ်ဖြူတော်၊ ရှမ်းမြောက်စစ်ရေးတင်းမာချိန် တရုတ်အထူးကိုယ်စားလှယ် မြန်မာရောက်ရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ကျန်းမာရေး၊တိုင်းရင်းသတင်းလွှာတို့ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၁၊ ၂၀၂၄)
ဂါဇာကမ်းမြှောင် Rafah နဲ့ တခြားဒေသတွေမှာ အစ္စရေးနဲ့ ဟားမတ်စ်ကြား အနီးကပ်တိုက်ပွဲတွေဖြစ်ပွား၊ ဘင်္ဂလားဒေ့ရှ် နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် သတိပေး၊ မန္တလေးတိုင်း မြို့သာမြို့နဲ့ ကမ္မရွာအကြား ဝင်းနိမ္မိတာရုံ ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနဦး ထုတ်ပြန်ချက်တွေမှာ ကွဲလွဲချက်တွေ ရှိတဲ့အတွက် စိစစ် ဖေါ်ထုတ်သွားမယ့်အကြောင်း စစ်ကောင်စီ သတင်းထုတ်
ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၂၁၊ ၂၀၂၄
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်ခံရမှု စစ်ကောင်စီ ပြန်လည်စုံစမ်း၊ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့အပေါ် ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေ သဘောထားထုတ်ပြန်၊ သူတို့စခန်းတွေအပေါ် စစ်တပ်တိုက်ခိုက်လို့ TNLA ပြော၊ ယူကရိန်းအချုပ်အခြာ လေးစားဖို့ ဗီယက်နမ်ကို အမေရိကန်တိုက်တွန်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။