TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ အောက်တိုဘာ ၂၁ ရက် ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း၊ အောက်တိုဘာ ၂၁၊ ၂၀၂၄။ အစ္စရေးက ဂါဇာနဲ့လက်ဘနွန်မှာ တိုးမြှင့်တိုက်ခိုက်နေတာ၊ BRICS အဖွဲ့ထဲ ထိုင်းဝင်ဖို့လုပ်နေတာ၊ အင်ဒိုနီးရှားမှာ အဖွဲ့ဝင် ရာကျော်ပါတဲ့ အစိုးရသစ်ဖွဲ့တဲ့ သတင်းတွေနဲ့ တူ အပတ်စဉ်တင်ဆက်နေကျ ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ISP ရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ပေးစာကဏ္ဍနဲ့ ထူးခြားဆန်းပြား သတင်းအစီစဉ်တွေ နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၂၁၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်း တိုက်ခိုက်မှုတခုအတွင်း လက်ဘနွန် စစ်တပ် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတဲ့အတွက် အစ္စရေးတောင်းပန်၊ အမေရိကန်မှာ နိုဝင်ဘာလ ၅ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ သမ္မတလောင်းတွေ မဲဆွယ်တာ အရှိန်မြှင့်၊ မန္တလေးမြို့ တရုတ်ကောင်စစ်ရုံး တိုက်ခိုက်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ပေးဖို့ တရုတ်နိုင်ငံခြားရေး တောင်းဆို
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၁၊ ၂၀၂၄)
စစ်ကောင်စီနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် ရုရှားစစ်သင်္ဘောတွေ ရောက်ရှိ၊ မန္တလေးကောင်စစ်ရုံး တိုက်ခိုက်မှု ဖော်ထုတ်အရေးယူဖို့ တရုတ်နိုင်ငံတောင်းဆို စတာတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး နဲ့ တွေ့ဆုံမေးမြန်းခန်၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။