TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန် ၂၀၊ ၂၀၂၄)
အစ္စရေးကိုတုံ့ပြန်ဖို့ အသင့်ရှိကြောင်း ဟက်ဇ်ဘိုလာခေါင်းဆောင် သတိပေး၊ ၇၉ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး သားဖြစ်သူ စိုးရိမ်၊ နမ္မတူ နမ့်ခမ်း လမ်းကြောင်းပိတ်မှုနဲ့ KIA နဲ့ TNLA အငြင်းပွား၊ မဏိပူရ်ထောင်တွင်း ဆန္ဒပြမြန်မာတွေ အကြမ်းဖက် ဖြိုခွဲခံရ စတဲ့သတင်းတွေနဲ့ အပတ်စဥ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၀၊ ၂၀၂၄)
ကမ္ဘာတဝှမ်း စစ်နဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ သန်းပေါင်း ၁၂၀ အထိ ရှိလာတဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်၊မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို အရင် ဖြေရှင်းပြီး၊ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြော၊မြန်မာနိုင်ငံမြောက်ပိုင်းမှာတရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးထားတဲ့ ယာယီ သဘောတူညီချက်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက် နေတဲ့အကြောင်း ညီနောင် မဟာမိတ် သုံးဖွဲ့က ပြောပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၀ ရက်၊ ၂၀၂၄)
မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရဖို့လိုလားကြောင်း ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပြောဆို၊ မြန်မာဒုက္ခသည်တွေအရေး ထိုင်းတက္ကသိုလ်မှာ ဆွေးနွေး၊ အပစ်ရပ်ရေးသဘောတူညီချက်ကို စစ်ကောင်စီ ချိုးဖောက်နေ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။