TV Schedule
ဗွီအိုအေ မြန်မာပိုင်း တနင်္လာမနက်ခင်း (စက်တင်ဘာ ၂၊ ၂၀၂၄)
ဓါးစာခံတွေ အသတ်ခံရမှု ဟားမားစ်ကို အစ္စရေးလက်စားချေမည်၊ ထိုင်းကလွတ်ရက်စေ့လို့ ပြန်ပို့ခံရသူတွေ ကော့သောင်းမှာ ငွေညှစ်အနိုင်ကျင့်ခံရ ၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၊ ၂၀၂၄)
ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး အစိုးရကို ဖိအားပေးနဲ့အနေနဲ့ အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး အထွေထွေသပိတ် ဆင်နွှဲ၊ ယူကရိန်းမြို့တော် Kyiv အပါအဝင် နိုင်ငံအတွင်းက မြို့အတော်များများကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ နိုင်ငံတဝန်း တိုက်ပွဲတွေနဲ့ မငြိမ်သက်ဖြစ်နေတဲ့ကြားက လာမယ့် အောက်တိုဘာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမယ်လို့ စစ်ကောင်စီက ကြေညာ
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၂ ရက်၊ ၂၀၂၄)
သမ္မတ Biden နဲ့ Kamala Harris တို့ ပူးတွဲ မဲဆွယ် စည်းရုံးမည်၊ အောက်တိုဘာလဆန်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်မည် စတာတွေနဲ့ နိုင်ငံတကာက ထောက်ခံမှု အလှည့်အပြောင်းနဲ့ မြန်မာနိုင်ငံသစ် အလားအလာ အကြောင်းဆွေးနွေးချက်၊ အပတ်စဉ် စီးပွားရေးနဲ့ လူမှုရှုခင်း အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။