TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ် ၂၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ် ၂၊ ၂၀၂၄) ရုရှားနဲ့အကျဉ်းသားလဲလှယ်ရေး သမိုင်းဝင်ဖြစ်ရပ်လို့ အိမ်ဖြူတော်တုန့်ပြန်၊ မတ္တရာမြို့နယ်တွင်း လက်နက်ကြီးထိမှန်လို့ ဒေသခံ ၃ ဦးသေဆုံး၊ စစ်ကောင်စီခေါင်းဆောင်ပြောတဲ့ သမဝါယမစံနစ်အပေါ် ဝေဖန်မှုများ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၀၂၊ ၂၀၂၄)
အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ အမေရိကန် နိုင်ငံသား ၃ ယောက် ပြန်ရောက်လာတဲ့အပေါ် ကြည်နူးဝမ်းသာ ဖြစ်ရတဲ့အကြောင်း သမ္မတ Joe Biden ပြော၊ အီရန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဟာမတ်စ်အဖွဲ့နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပနကို ကာတာနိုင်ငံမှာကျင်းပ၊ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်လမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းယူ
ဗွီအိုအေ မြန်မာညချမ်း (ဩဂုတ် ၂ ရက်၊ ၂၀၂၄)
ရုရှားကပြန်လွတ်လာတဲ့ ကန် အကျဉ်းသားတွေကို သမ္မတနဲ့ မိသားစုဝင်တွေကြိုဆို၊ ဗိုလ်ချုပ်တဦး ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှု စစ်ကောင်စီ အတည်ပြု၊ ဆွမ်ပရာဘွမ်အနီးကစစ်ကောင်စီရဲ့ အရေးပါတဲ့တပ်စခန်း KIA သိမ်းပိုက် စတာတွေနဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေကိုတင်ဆက်ပေးထားပါတယ်။