TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇူလှိုင် ၂၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇူလှိုင် ၂၊ ၂၀၂၄) ကန်တရားရုံးချုပ်ဆုံးဖြတ်ချက် Trump တရားစွဲခံရမှု တစုံတရာကင်းလွတ်ခွင့်ရရှိ၊ အိမ်ရာချေးငွေကိစ္စစွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ၇ ခု အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ စီးပွားရေး၊ လူမှုရှုခင်းတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၊ ၂၀၂၄)
အမေရိကန် သမ္မတဟောင်း Donald Trump သမ္မတတာဝန်ယူခဲ့တဲ့အချိန်က တရားဝင် လုပ်ရပ်တွေဟာ တရားစွဲဆိုတာက ကင်းလွတ်ခွင့် ရှိတဲ့အကြောင်း အမေရိကန် တရားရုံးချုပ်က မနေ့က ဆုံးဖြတ်၊ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသတွေမှာ ရေကြီးပြီး လျှပ်စစ်နဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေ၊ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက အရေးယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ကွန်ဒိုအရောင်းဈေးကွက် သိသိသာသာ ထိခိုက်သွားတဲ့အကြောင်း ထိုင်း Ananda Development ကွန်ဒို အရောင်းဌာန အုပ်ချုပ်ရေးမှူး ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၂ ရက်၊ ၂၀၂၄)
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြား အရပ်သား သေဆုံးမှုတွေတိုး၊ ပြည်ပရောက်မီဒီယာတွေ နှိမ်နင်းမယ့် စစ်ကောင်စီအစီအစဉ်နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းချက် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။