TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၂ ရက်၊ ၂၀၂၄) − အာရှ−ပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ယူကရိန်းသမ္မတ တက်ရောက်တာ၊ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင် လှုပ်ရှားမှုရှိလာတာ၊ နမ့်ခမ်းအုပ်ချုပ်ရေး TNLA နဲ့ SSPP အငြင်းပွါးနေတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇွန် ၂ ရက်၊ ၂၀၂၄
အီတလီက နှစ်ပေါင်း ၂၀၀၀ ကျော်က နံရံ မီးသွေးပန်းချီ၊ ဒူဘိုင်းက ကျောင်းသားလေးတွေ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် ၃ ထောင်နဲ့ ကမ္ဘာ့စံချိန်ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ အမေရိကန်က ယူဂရက် ကျောင်းသားဖလှယ်အစီအစဉ် ဘာ့ကြောင့်ရပ်ဆိုတဲ့ GenZ၊ ဂျာမနီ က အလှဆုံးနေရာတွေကို သွားထားတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇွန်လ ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၂၊ ၊ ၂၀၂၄)
သမ္မတဘိုင်ဒင် ငြိမ်းချမ်းရေးအဆိုပြုချက် အစ္စရေးလက်ခံ၊ ထိုင်ဝမ်အရေး Shangri-La လုံခြုံရေးညီလာခံမှာ တရုတ်သတိပေး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။