TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ ၂ အောက်တိုဘာ ၂၀၂၄
အစ္စရေးလ်-Hezbollah တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ယူကရိန်းကိုပံ့ပိုးရေးကို ဦးစားပေးဖို့ NATO အကြီးအကဲသစ် ပြော၊ Yagi မုန်တိုင်းဘေးသင့် မြန်မာတွေအတွက် ထောက်ပံ့ငွေ ဒေါ်လာ (၄) သန်း ကုလ လျာထား၊ စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဒုသမ္မတလောင်း စကားစစ်ထိုးပွဲအထူးအစီအစဉ်
အမေရိကန်ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် မြန်မာစံတော်ချိန် အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးမနက် ၇နာရီကစပြီး ၃ နာရီကြာ ထုတ်လွှင့်မဲ့ ဒီအထူးအစီအစဉ်မှာ ဒီမိုကရက်တစ် ဒုသမ္မတလောင်း Tim Walz နဲ့ ရီပါဘလစ်ကန် ဒုသမ္မတလောင်း JD Vance တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့ အတူ၊ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၀၂၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးကို အစ္စရေးက လေကြောင်း တိုက်ခိုက်၊ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျရေးကို အကြောင်းပြပြီး သန်းခေါင်စာရင်း စကောက်၊ မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိနှုန်း ပိုများလာတယ်လို့ ထိုင်းပြော
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၂၊ ၂၀၂၄)
စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ် စတင်၊ ကချင်ပြည်နယ် အချက်အခြာ နယ်မြေတချို့ သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ စတာတွေအပြင် အမေရိကန် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲ သုံးသပ်ချက် အထူးအစီအစဉ်၊ GenZ မျိုးဆက်၊ အားကစား သီတင်းပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ထားပါတယ်။