TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ်လ ၁၉၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ်လ ၁၉၊ ၂၀၂၄) ဒီမိုကရက်ပါတီညီလာခံ တနင်းလာနေ့ည စတင်ဖွင့်လှစ်၊ ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်းအရပ်သား ၂၈ဦးသေဆုံး၊ ကန်နဲ့ တောင်ကိုရီးယား ဂျပန် ပူပေါင်းဆောင်ရွက်မှု ထပ်လောင်းဂတိကဝတ်ပြု စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဩဂုတ် ၁၉၊ ၂၀၂၄)
ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေး အခုနောက်ဆုံး အဆိုပြုချက်ဟာ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော၊ အီလီနွိုက်ပြည်နယ် ရှီကာဂိုမြို့မှာ လေးရက်ကြာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ အဖွင့်မိန့်ခွန်း အဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် မိန့်ခွန်းပြောဖို့ရှိ၊ မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးဆိုးတွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေရကြောင်း ကုလသမဂ္ဂက သတိပေး
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၁၉၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ ညီလာခံအတွက် ရှီကာဂိုမြို့မှာ စတင်ပြင်ဆင်၊ မြန်မာ့အရေး ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့မှာ ကုလသတိပေး စတာတွေအပြင် ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေမှာ တရုတ်နိုင်ငံ အခမ်းကဏ္ဍအပေါ် မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။