TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ် ၁၈၊ ၂၀၂၄)
အစ္စရေး လေကြောင်းတိုက်ခိုက်မှု ဂါဇာမှာ ၁၈ ဦးထက်မနည်းသေဆုံးတာ၊ ဂျပန်ဝန်ကြီးချုပ် ရှေ့လထဲ ကန်ကိုလာဖို့ရှိတာ၊ မြန်မာ့အရေး ကန်နဲ့ တရုတ် ချဉ်းကပ်မှုအပေါ် အမြင်တွေ နဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၁၈ ရက်၊ ၂၀၂၄)
အိမ်ဝယ်မယ့်သူတွေ အထူးလိုအပ်တဲ့ အိမ်စစ်မျက်မှန်၊ ဖိနပ်အရံ ၇,၀၀၀ ကျော် ပိုင်ဆိုင်သူဖွင့်မယ့် ပြတိုက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ နိုင်ငံတကာက အဟောင်းဆိုင်ယဉ်ကျေးမှု မြန်မာ လူငယ်တွေ တန်ဖိုးထားဖို့ GenZ အစီအစဉ်၊ နောက်တော့ ဘန်ကောက်မှာ မြန်မာလူငယ်တွေ စုဖြစ်ကြတဲ့ တနေရာအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီမှာ အိမ်သစ်တက်တဲ့ နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၁၈ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၁၈၊ ၂၀၂၄)
ဂါဇာဒေသအပစ်ရပ်ရေးဆွေးနွေးဖို့ အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီးထပ်မံသွားရောက်၊ထိုင်းနိုင်ငံ စီးပွားရေးပြန်လည်ထူထောင်ဖို့ဝန်ကြီးချုပ်သစ်ကတိပြု စတာတွေအပြင်ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊မြန်မာပြည်မှပေးစာ၊မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကိုတင်ဆက်ထားပါတယ်။