TV Schedule
VOA မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၈ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၁၈ ရက် ၂၀၂၄ ဟားမတ်စ်ခေါင်းဆောင် အစ္စရေးလက်ချက်နဲ့ သေဆုံးတာ၊ ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်တာ၊ ကန်ပိုက်တီမှာ ကချင်နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်တဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီစဉ်တွေကို တင်ပြပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၈၊ ၂၀၂၄)
ဟားမတ်စ် အဖွဲ့ ထိပ်တန်းခေါင်းဆောင် ယာယာ စင်ဝါ သေဆုံးသွားပြီး နောက် ဂါဇာဒေသကို အစ္စရေးက ဆက်တိုက်၊ TNLA တအောင်းအမျိုးသား လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံး ၁၂ လုံးလောက် ကြဲ၊ မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူဖို့ ၁၅ ရက်ထပ်တိုး
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
သမ္မတဘိုင်ဒန်ရဲ့ နေ့ချင်းပြန် ဂျာမနီခရီး။ ရုရှားကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်နေ။ ရှေ့နေဒေါ်ရွက်နုအောင် Ludovic Trarieux လူ့အခွင့်အရေးဆုရရှိ။ သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်တပ် ဗုံးကြဲတိုက်ခိုက်။ မြန်မာအပါအဝင်မြင်ရတဲ့ Supermoon လဝန်းကြီး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။