TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဩဂုတ် ၁၇၊ ၂၀၂၄)
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကန် တိုက်ရိုက်ကူညီထောက်ပံ့မည်၊ ဟိန္ဒူ နဲ့ အခြားဘာသာဝင်တွေကို ကာကွယ်ဖို့ အိန္ဒိယဝန်ကြီးချုပ်ကို မိုဟာမက်ယူနွတ် ကတိပေး၊ ဂါဇာအပစ်ရပ် အစီအစဉ်သစ် စေ့စပ်ရေးသမားတွေ ကြေညာ စတာတွေနဲ့ အတူ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာတို့ကို နားဆင်ရှုစားကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဩဂုတ် ၁၇ ရက်၊ ၂၀၂၄)
ကန်အရာရှိများနဲ့ NUG တွေ့ဆုံဆွေးနွေး၊ မြန်မာပြည်စစ်ပွဲများကို ကန့်ကွက်ကြောင်း တရုတ်သံ မြန်မာဗိုလ်ချုပ်မှူးကြီးများနှင့် တွေ့ဆုံစဉ်ပြောဆို၊ ကျပ်ငွေဈေးကျလို ထိုင်းနယ်စပ် ငွေအရောင်းအဝယ် ရပ်သွားခဲ့၊ ဒီလို တပတ်အတွင်း သတင်းများ၊ စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လူ့အခွင့်အရေး အလေးထားဖို့ လိုအပ်၊ မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇူလိုင်လ ၁၇ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။