TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၁၇၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၁၇၊ ၂၀၂၄) မောင်တောဒေသခံတွေထွက်ခွာကြဖို့ AA သတိပေး၊ ရန်ကုန်သပိတ်အဖွဲ့တချို့ "လွှတ်" လှုပ်ရှားမှုတရပ်ပြုလုပ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၁၇၊ ၂၀၂၄)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စစ်ဘက်ဆိုင်ရာ အစိုးရဝန်ကြီးအဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း အစ္စရေးအစိုးရ အတည်ပြု၊ ယူကရိန်းအတွက် စစ်မှန်ပြီး တရားမျှတတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတရပ်ရဖို့လိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ပြော၊ ဩစတေးလျ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တက္ကသိုလ်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် Global Peace Index ခေါ် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ သတ်မှတ်
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၁၇၊ ၂၀၂၄)
ရိုဟင်ဂျာတွေ အခွင့်အရေး အမေရိကန် ဆက်လက်အားပေးသွားဖို့ သမ္မတဘိုင်ဒင် ကတိပြု၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် နိုင်ငံရေးပါတီတချို့အမြင်၊ စီးပွားရေးပညာရှင် ပါမောက္ခ Sean Turnell နဲ့ မေးမြန်းခန်း စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။