TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၆၊ ၂၀၂၄)
Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံက သမ္မတဟောင်း Donald Trump ကို ပါတီကိုယ်စားပြု သမ္မလောင်းအဖြစ် တရားဝင် ရွေးချယ်ကြေညာခဲ့၊ အမေရိကန် သမ္မတဟောင်း Donald Trump က သမ္မတရွေးကောက်ပွဲမှာ သူနဲ့ အတူတွဲ ယှဉ်ပြိုင်ဖက် ဒုသမ္မတလောင်း အဖြစ် အိုဟိုင်းယိုး ပြည်နယ် အထက်လွှတ်တော်အမတ် J.D. Vance ကို ရွေးချယ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေကို နယ်စပ်မှာဟန့်တားပြီး ပြန်လည် နှင်ထုတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄)
ရီပတ်ဘလီကန်ပါတီညီလာခံ ပထမနေ့ ၊ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှုစွပ်စွဲချက် စင်္ကာပူကုမ္ပဏီငြင်းဆို၊ စစ်ရေးဗျူဟာ ပြောင်းလာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတာတွေနဲ့ မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။