TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၁၆ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၁၆ ရက်၊ ၂၀၂၄) − ယူကရိန်း ငြိမ်းချမ်းရေးညီလာခံမှာ ရုရှား မပါတာ၊ ယူကရိန်းအတွက် ကန်က ဒေါ်လာ ၁ ဘီလီယံခွဲကျော် ပေးအပ်တာနဲ့ ဂါဇာ အပစ်ရပ်ရေးမကြာခင် ဆက်ညှိနှိုင်းဖို့ရှိတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇွန် ၁၆ ရက်၊ ၂၀၂၄)
လန်ဒန်နွေရာသီအတွက် ထူးခြားအရသာ ရေခဲမုန့် ရောင်းပေးနေ၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ခွေးတွေအတွက် အပန်းဖြေအပျံစား ကလပ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ကရင်နီဒေသမှာ ဒေသခံတွေကို ပိုကုသပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်မယ့် ဆေးကျောင်း အကြောင်း GenZ၊ ဥရောပဖလား ကျင်းပမယ့် မြူးနစ်ဘောလုံးကွင်းအရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ ဇွန်လ ၁၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၁၆၊ ၊ ၂၀၂၄)
ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ထိခိုက်မယ့်အရေး သတိပေး၊ မြန်မာ့အရေး ဦးစားပေး ဖြေရှင်းဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် ကတိပြု စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။