TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၁၅ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၁၅ ရက် ၂၀၂၄) - ဒီစီ တရုတ်သံရုံးရှေ့ မြန်မာတွေဆန္ဒပြတာ၊ ဦးကျော်မိုးထွန်း ကုလ လုပ်ပိုင်ခွင့်အပြည့်ရရေး တောင်းဆိုတာ၊ ဒဏ်ခတ်ဖိအားမပေးကြဖို့ အီရန်တောင်းဆိုတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၄)
နယ်သာလန် ရေမြောင်းတုတ်ထောက်ခုန်ကျော်ပြိုင်ပွဲ၊ ပိုလန်စစ်တပ် ခွေးလေးတွေကို ရာထူးပေးခန့်အပ်၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ အမေရိကန်ရွေးကောက်ပွဲ GenZ တွေရဲ့အမြင်၊ နောက်တော့ ဘန်ကောက်မှာ အထူးစည်ကားတဲ့ ပလာဒီယမ်ညဈေးမိတ်ဆက် နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၅၊ ၂၀၂၄)
မြန်မာနိုင်ငံမှာ ရေဘေးကြောင့် သေဆုံးသူ ၁၁၃ ဦး အထိတိုး၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းအန္တရာယ် သတိပေးချက်ထုတ်ပြန် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။