TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၁၅ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (နိုဝင်ဘာ ၁၅ ရက် ၂၀၂၄) ဆီးရီးယားက စစ်သွေးကြွအဖွဲ့ကို အစ္စရေးက တိုက်ခိုက်တာ၊ အီရန် နျူကလီယားအရေး IAEA ဆွေးနွေးတာ၊ စစ်ကိုင်းတိုင်း ပုလဲကို စစ်တပ်က ထိန်းချုပ်ထားတဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေ တင်ပြထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၅၊ ၂၀၂၄)
အမေရိကန် အထက်နဲ့ အောက်လွှတ်တော် နေရာအများစုကို ရီပတ်ဘလစ်ကန် ပါတီက ရသွားပြီး ရွေးကောက်ခံ သမ္မတ Donald Trump စတင်တာဝန်ယူချိန်မှာ အစိုးရကိုထိန်းချုပ်ဖို့ ပြင်ဆင်၊ ပီရူးနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိ၊ လက်ဘနွန်နိုင်ငံတောင်ပိုင်း ရပ်ကွက်တခုအပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အထပ်မြင့် အဆောက်အဦးတခု ပြိုကျ
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၄)
တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော် မြန်မာနိုင်ငံ နေရာတချို့ကျင်းပ၊ ဂျပန်၊ တောင်ကိုရီးယားခေါင်းဆောင်တွေ သမ္မတ Biden နဲ့ APEC ညီလာခံမှာ တွေ့ဆုံမည်၊ မိုးမောက် ကုန်းလောရွာ ဘုရားကျောင်းပေါ် စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ၈ဦးသေဆုံး စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ပေးထားပါတယ်။