TV Schedule
VOA မြန်မာမနက်ခင်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)
ရုရှားကာကွယ်ရေးဝန်ကြီး တရုတ်ကို ရောက်ရှိ၊ ကနေဒါဆိုင်ရာ သံအမတ်ကြီးကို အိန္ဒိယပြန်ခေါ်၊ စစ်ကောင်စီရဲ့ ဘုတလင်နယ်မြေရှင်းလင်းရေး မှာ သတ်ဖြတ်ဖမ်းဆီးခံရသူများပြား စတာတွေနဲ့အတူ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့ ချဉ်းကပ်ပုံ ပတ်သက်တဲ့ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၅၊ ၂၀၂၄)
လက်ဘနွန်မြောက်ပိုင်းမှာ လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးတောင်းဆို၊ သီပေါမြို့ကို TNLA က သိမ်းလိုက်ပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားဝင်၂၀၀ နီးပါးပြန်လွှတ်၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင် နည်းလမ်းနဲ့ တောင်းဆိုတာတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၅၊ ၂၀၂၄)
လက်နက်ကိုင် တောင်းဆိုမှုတွေ လိုက်လျောမှာ မဟုတ်ကြောင်း စစ်ကောင်စီအကြီးအကဲ ပြောကြား၊ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင် ၂၀၀ နီးပါး TNLA ပြန်လွှတ်၊ ကန့်ဘလူ ဒရုန်းတိုက်ခိုက်မှု ၁၀ ဦးထက်မနည်း သေဆုံး… စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ အင်္ဂါနေ့ အပတ်စဥ်ကဏ္ဍတွေ စုစည်း တင်ဆက်ထားပါတယ်။