TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင်လ ၁၄ ရက်၊ ၂၀၂၄) − အစ္စရေးတိုက်ခိုက်လို့ ဂါဇာမှာ လူ ၉၀ ကျော်သေဆုံး၊ မြန်မာအပါအဝင် နိုင်ငံခြားသားအမည်သုံး ဘဏ်စာအုပ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ထိုင်းရဲဖမ်းမိတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွားအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဇူလိုင် ၁၄ ရက်၊ ၂၀၂၄)
အပြေးပြိုင်ကြတဲ့ ခရုများ၊ ရေပေါ်က ဘောလီဘောပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းများ၊ ဘဝကို သုညက စခဲ့ပြီး အခု ယူကျုပေါ်မှာ အောင်မြင်နေတဲ့ GenZ လူငယ်၊ တိရစ္ဆာန်လေးတွေ ဘေးမဲ့နေရတဲ့ အမဲလိုက်နန်းတော်ရောက် နော်သဇင်ရဲ့ Vlog၊ နောက်တော့ နေရာပေါင်းစုံ၊ အကြောင်းစုံအစီအစဉ်တွေကို ၂၀၂၄ ဇူလိုင်လ ၁၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၁၄ ရက်၊ ၂၀၂၄)
သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားသူအမည် FBI ထုတ်ပြန်၊ ဒီဖြစ်ရပ်အပေါ် သမ္မတ Biden ပြင်းထန်စွာ ရှုတ်ချတာနဲ့ ဒီအပေါ် မြန်မာတချို့အမြင်နဲ့ အပတ်စဉ် ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။