TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၄။
လက်ဘနွန်က ကုလတပ်တွေ ဖယ်ပေးဖို့ အစ္စရေးတောင်းဆိုတာ၊ ကန်နဲ့ တရုတ် မြန်မာ့အရေးကူဖို့ စင်္ကာပူပြောတာ၊ ဒေါက်တာဇော်မြင့်မောင် အမှတ်တရ ကျင်းပတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ်တင်ဆက်နေကျ ဒီမိုကရေစီရေးရာ၊ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ISP ရဲ့ မြင်ကွင်းကျယ်မှတ်စု၊ ပေးစာကဏ္ဍနဲ့ ထူးခြားဆန်းပြား သတင်းအစီစဉ်တွေ နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၄၊ ၂၀၂၄)
အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက Al-Aqsa အာဇာနည်ဆေးရုံကို ထိမှန်ပြီးအနည်းဆုံး လူ ၄ ဦးသေဆုံး၊ ၄၀ လောက် ဒဏ်ရာရ၊ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် စာနာမှုအကူအညီအဖြစ် သြစတြေးလျက ဒေါ်လာ ၉ သန်း ထောက်ပံ့မယ်၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်နေတာတွေ ချက်ခြင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ အာဆီယံ တောင်းဆို
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၄၊ ၂၀၂၄)
အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ သေကျေထိခိုက်၊ မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ ဒေါ်လာ ၉ သန်းပေးဖို့ သြစတြေးလျကြေညာ စတာတွေအပြင် မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံရဲ့ ချဉ်းကပ်ပုံ ပတ်သက်တဲ့ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။