TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၁၃၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇွန် ၁၃၊ ၂၀၂၄) "အပစ်ရပ်သဘောတူညီချက်ထဲ အဆင်မပြေနိုင်တာတချို့ ဟာမတ်စ်ပြောင်းလဲခဲ့" ကန်နိုင်ငံခြားရေးဝန်ကြီးပြော၊ ရုရှားစစ်သင်္ဘောနဲ့ နြူစွမ်းအင်သုံးရေငုတ်သင်္ဘော ကျူးဘားဆိုက်ရောက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen Z၊ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၁၃၊ ၂၀၂၄)
အီတလီနိုင်ငံမှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီးညီလာခံကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden သွားရောက်၊ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီဖို့ အဓိကထားတဲ့အကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြော၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ က မေတ္တာရပ်ခံလိုက်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇွန်လ ၁၃ ရက်၊ ၂၀၂၄)
G7 ထိပ်သီးအစည်းအဝေး အီတလီမှာ စတင်၊ လားရှိုးကို TNLA တပ်ဖွဲ့ ဝိုင်းထားပြီး စစ်ရေးအရ တင်းမာနေ၊ ထိုင်း-မြန်မာနယ်စပ်မှာ ဘတ်ငွေ တသန်းဖိုးခန့်ရှိတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖမ်းမိ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။