TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၁၃ ရက် ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၁၃ ရက် ၂၀၂၄ - မြန်မာ့အကြပ်အတည်းအတွက် ထိတွေ့ဆက်ဆံမှု တိုးမြှင့်မယ်လို့ မလေးဝန်ကြီးချုပ် ပြောတာ၊ ဂါဇာမှာ အစ္စရေးတိုက်ခိုက်လို့ လူ ၂၀ ကျော်သေဆုံးတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၄)
အိမ်ခြေမဲ့တွေရဲ့ ဘဝ လက်တွေခံစားပေးကြည့်လို့ရအောင် လုပ်ပေးထားတဲ့ ခရီးသွားအစီအစဉ်၊ ဗန်ဂိုးရဲ့ ကြယ်တွေစုံတဲ့ည ပန်းချီကားထဲ ဝင်ကြည့်နိုင်တဲ့ပန်းခြံ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ အွန်လိုင်းက ဝင်ငွေရှာတဲ့ Vlogger လူငယ် GenZ အစီအစဉ်၊ နောက်တော့ နော်ဝေက ပေးတဲ့ နိုဘယ်ငြိမ်းချမ်းရေးစုအကြောင်း နော်ဝေကနေပြောပြထားတဲ့ နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမဏီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ အောက်တိုဘာလ ၁၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၁၃၊ ၂၀၂၄)
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ခြင်းရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဆီယံတောင်းဆို၊ ဂါဇာမြောက်ပိုင်းမှာအစ္စရေး စစ်ဆင်ရေးတွေ တိုးချဲ့ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။