TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၂ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (အောက်တိုဘာ ၁၂ ရက် ၂၀၂၄) - အရပ်သားကာကွယ်ဖို့ အစ္စရေးကို ကန်ပြောတာ၊ မြန်မာကို ပစ်ပယ်မထားဖို့ အိန္ဒိယပြောတာ၊ စစ်တွေအကျဉ်းသား ၄၀၀ ကျော် ထောင်ပြောင်းတဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၄)
မြန်မာနိုင်ငံငြိမ်းချမ်းရေး နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ အာဆီယံတိုက်တွန်းချိန် ကုလအကြီးအကဲကလည်း အာဆီယံနိုင်ငံတွေ သူတို့ ဩဇာအာဏာသုံးပြီး မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ ပန်ကြား၊ စသည် တပတ်အတွင်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေ၊ မြန်မာ့အရေးမှာ အာဆီယံ ပိုသတ္တိရှိဖို့လိုဟု နိုင်ငံရေးသုတေသီဝေဖန် မေးမြန်းခန်းနဲ့အတူ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ အောက်တိုဘာ ၁၂ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၁၂၊ ၂၀၂၄
လက်ဘနွန်တောင်ပိုင်း ၂၃ ရွာတွေက ပြည်သူတွေထွက်သွားဖို့ အစ္စရေးစစ်တပ်ကြေညာ၊ တရုတ်စီးပွားရေးကျားကန်ဖို့ အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းမည်၊ ထောင်တွင်းကွယ်လွန်ခဲ့တဲ့ Alexei Navalny ရဲ့ကိုယ်တွေ့မှတ်တမ်း၊ အများပြည်သူ ဝင်ကြည့်နိုင်မယ့် အိမ်ဖြူတော်ပန်းဥယျာဉ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။