TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၁၁၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၁၁၊ ၂၀၂၄) စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အမေရိကန်တောင်းဆို၊ ခင်ဦးမြို့နယ်တွင်း ကျေးရွာ ၁၃ရွာက အိမ်ခြေလေးရာနီးပါးမီးရှို့ခံရ၊ လေကြောင်းရန်ကြောင့် ကရင်နီဒေသ စာသင်ကျောင်းများယာယီပိတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲ | ရွေးကောက်ပွဲအထူးအစီအစဉ်
အမေရိကန်ပြည်ထောင်စုမှာ လာမယ့်နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲအကြို ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် သမ္မတလောင်း ၂ ဦး စကားစစ်ထိုးပွဲကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်ချက်ဖြစ်ပါတယ်။ သုံးနာရီကြာထုတ်လွှင့်မယ့် ဒီအထူးအစီအစဉ်မှာ ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟဲရစ်နဲ့ ရီပါဘလစ်ကန်သမ္မလောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့ အတူ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ ( စက်တင်ဘာ ၁၁ ၊ ၂၀၂၄ )
သမ္မတဟောင်း Donald Trump နဲ့ ဒုသမ္မတ Kamala Harris တို့ သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီလေကောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် အရှေ့တောင်အာရှမှာ လူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။