TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၁၁ ရက် ၂၀၂၄
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၁၁ ရက် ၂၀၂၄ ယူကရိန်းတပ်တွေဝင်လာတဲ့ Kursk ဒေသမှာ ဘေးလွတ်ရာ သောင်းနဲ့ချီရွှေ့ပြောင်းပေးနေတာ၊ အမျိုးသမီး အိုလံပစ် ဘောလုံးဗိုလ်လုပွဲမှာ ကန်အသင်းနိုင်သွားတဲ့ သတင်းတွေနဲ့ အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲက သုတ အပြင် လယ်ယာစီးပွါး အစီစဉ်တွေ တင်ပြပေးပါမယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဩဂုတ် ၁၁ ရက်၊ ၂၀၂၄)
မျက်မမြင်တွေကို စာဖတ်ပြနိုင်တဲ့ ဖုန်းအပလီကေးရှင်း၊ အင်ဒိုနီးရှားကျွန်းသား ရှေးဦးလူသားတွေ အရပ် ၃ ပေ ပဲရှည်လို့ သုတေသီတွေ အတည်ပြု၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ရိုးရာခြင်း အတတ်ပညာကို ထိန်းသိမ်းချင်တဲ့ လူငယ် Gen Z အစီအစဉ်၊ နောက်တော့ ထိုင်းမြန်မာနယ်စပ်က ကရင်ထမင်းဆိုင်လေးအကြောင်း နေရာပေါင်းစုံ အကြောင်းစုံနဲ့ ည ၉ နာရီ နေဝင်အလှကို တွေ့ရမယ့် နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ ဩဂုတ်လ ၁၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (သြဂုတ် ၁၁၊ ၂၀၂၄)
မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေး တရုတ်ဆက်လက် တွန်းအားပေးမည်၊ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာအများအပြား သေဆုံး စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။