TV Schedule
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၁၊ ၂၀၂၄)
ယူကရိန်းစစ်ပွဲမှာ ရုရှားကို တရုတ်က ကူညီပေးနေတာတွေနဲ့ ပတ်သက်လို့ ဥရောပရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေ တယ် ဆိုပြီး နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က သတိပေး၊မြန်မာစစ်ကောင်စီအနေနဲ့ လက်နက်တင်ပို့ ရောင်းဝယ်ရာမှာ ထိုင်းနိုင်ငံက ဘဏ်တွေကို အသုံးမပြုအောင် အရေးယူ ဆောင်ရွက်သွားမယ့် အကြောင်း ထိုင်း အမျိုးသား လုံခြုံရေးဆိုင်ရာ ပါလီမန် ကော်မတီ ဥက္ကဋ္ဌကပြော၊ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၄)
နေတိုး ထိပ်သီးစည်းဝေးပွဲနောက်ဆုံးနေ့ ယူကရိန်းနဲ့ ဆွေးနွေးမည်၊ ထောင်နဲ့ချီတဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့မှာ ရောက်ရှိ၊ တောင်ကြီးရောက် လားရှိုးစစ်ရှောင်တွေ နေထိုင်ရေးအခက်ကြုံ စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာပါ။