TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ၁၁၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(နိုဝင်ဘာ၁၁၊ ၂၀၂၄) ရီပတ်ပလင်ကန်သမ္မတ Donald Trump က မဲအကျိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၇ ခုလုံးမှာ အနိုင်ရပြီး၊ တနိုင်ငံလုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အသာရပါတယ်။ အီရန်ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ Donald Trump နဲ့ အပြန်အလှန်အမြင်တွေ ဆွေးနွေးဖလှယ်ပြီး၊ သဘောတူညီမှုရခဲ့ကြတယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းတွေအပြင် အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၁၊ ၂၀၂၄)
ထောင်နဲ့ချီတဲ့ ရုရှား တပ်ဖွဲ့တွေ Kursk ဒေသကို ပြန်ပြီး ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူကရိန်းပြော၊ အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့တော်မှာ COP29 လို့ ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေး စတင်၊ ကရင်နီဒေသမှာ အရပ်သားတွေအပေါ် စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် နို၀င်ဘာလအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံး
ဗွီအိုအေ မြန်မာညချမ်း (နိုဝင်ဘာ ၁၁ ရက် ၂၀၂၄)
ရခိုင်မှာစစ်ကောင်စီရဟတ်ယာဥ်တစင်း ပစ်ချခံရ၊ ကချင်အထူးဒေသ (၁) တခုလုံး သိမ်းယူနိုင်ရေး KIA ထိုးစစ်ဆင်နေ စတဲ့ သတင်းပေးပို့ချက်တွေ၊ နိုင်ငံတကာ သတင်းတွေထဲမှာတော့ အမေရိကန်အစိုးရသစ်အဖွဲ့၀င်တွေ အမြန်ခန့်အပ်နိုင်ရေး Trump ကြိုးပမ်း၊ အစ္စရေး အခြေစိုက်စခန်းတွေကို ဟူသီသူပုန်တွေ ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက် စတာတွေကို နားဆင်ကြည့်ရှု့ရဖို့ရှိပါတယ်။