TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၁၁ ရက် ၂၀၂၄
အစ္စရေးတိုက်ခိုက်မှု ဂါဇာမှာ ၂၀ ကျော်သေဆုံးတာ၊ ကန်က စစ်ကောင်စီအပေါ် ဖိအား ဆက်ပေးမှာ၊ စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု ကျောက်တော်မှာ လူသေဆုံးတဲ့ သတင်းတွေ အပြင် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီစဉ်တွေကို တင်ပြပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၁၁၊ ၂၀၂၄)
မြန်မာနိုင်ငံ အကျပ်အတည်း အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်ပြီး နိုင်ငံရေးအရ အဖြေရှာနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တိုက်တွန်း၊ မြန်မာနိုင်ငံ ပိုမိုငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး အမေရိကန်အရှိန်မြင့်ကြိုးပမ်းနေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော၊ စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပမယ်ဆိုတာ လက်ရှိ အခြေအနေမှာ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင် သံအမတ်ကြီးပြော
ဗွီအိုအေ မြန်မာညချမ်း၊ အောက်တိုဘာ ၁၁၊ ၂၀၂၄
မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး အာဆီယံနိုင်ငံတွေ ပိုအားထုတ်ဖို့ ကုလအကြီးအကဲတောင်းဆို၊ အကြမ်းဖက်မှုတွေရပ်ဖို့ ဝန်ကြီး Blinken စစ်ကောင်စီကိုတောင်းဆို၊ မြန်မာရွေးကောက်ပွဲလုပ်သင့်တဲ့ အခြေအနေမရှိသေးလို့ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ရရှိရေး အကျိုးဆောင် အမေရိကန်သံအမတ်ကြီးပြော စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။